- Get link
- X
- Other Apps
(ဖုန်း၊ကွန်ပျူ တာ၊ဆော့ဝဲနဲ့ နည်းပညာများ) The Best Computer, Mobile Knowledge Sharing Website in Myanmar
ကွန်ပျူတာ 7, 8, 8.1, 10 များမှာ Myanmar Font & Keyboard အမှန်ပုံသေထည့်နည်း 100% Working
Windows & Myanmar Font & Keyboard ကိစ္စအတွက် ကွန်ပျူတာလေ့လာခါစ
ညီအကိုတွေအတွက် မရှင်းရှင်းဖြစ်နေလို့ ဒီနေ့တော့ ရေးတင်လိုက်ပါပြီ။
အားလုံးလည်း အဆင်ပြေကြလိမ့်မယ်ထင်လို့ ဒီပိုစ့်ကို
တစ်ခမ်းတနားမရေးခဲ့တာပါ၊ ဒီနေ့တော့ အားလုံးစိတ်ထဲေ၀၀ါးနေတာလေးကို
လက်ဆောင်ပေးချင်တာနဲ့ Windows မှာ Myanmar Font & Keyboard အတွက်
လှည့်ကြည့်စရာမလိုလောက်အောင် Windows များနဲ့ မြန်မာစာအမှန်ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါပြီ။
ယခုကျနော်မျှဝေပေးလိုက်တဲ့နည်းကို အသေချာဖတ်ကြည့်လိုက်ပါ
Windows မှာ Myanmar Font & Keyboard အတွက် မြန်မာစာကို
တစ်ခါတည်းနည်းလည်ပြီး နောက်ဘယ်ကွန်ပျူတာမဆို
လိုအပ်လာရင် ဒီနည်းအတိုင်းပဲဆိုတာကို သဘောပေါက်သွားမှာပါ။
ဒီနည်းလမ်းသည် ကျနော်အတွေ့အကြုံထဲမှရလာတဲ့ အတွေ့အကြုံဖြစ်ပြီး
ယခုလက်ရှိအချိန်အထိ ကျနော်အသုံးပြုဖူးခဲ့ပြီး အသုံးပြုနေဆဲဖြစ်လို့
100% လုံးဝအဆင်ပြေပါတယ်၊ Error ကင်းပြီး ပုံသေနည်းဖြစ်ပါတယ်
Windows 7, 8, 8.1, 10 အာလုံးကို Support လုပ်ပါတယ်။
Download Zawgyi-Myanmar Font 32/64bit
==========================
ကွန်ပျူတာအတွက်လိုအပ်မယ့် Zawgyi-ကီးဘုတ်နဲ့ဖောင့်များကို
အဆင်ပြေတဲ့လင့်များမှဒေါင်းလော့ရယူလိုက်ပါ။
ကွန်ပျူတာ 32Bit ဆိုရင်တော့ Zawgyi-Myanmar Font 32bit ကိုသာ
ဒေါင်းလော့ရယူပါနိုင်ပါတယ်။
ကွန်ပျူတာက 64Bit ဆိုရင်တော့ Zawgyi-Myanmar Font 32bit နဲ့
Zawgyi-Myanmar Font 64Bit ကိုဒေါင်းလော့ရယူပါ။
Download Here Zawgyi-Myanmar Font 32Bit for windows
Download Here Zawgyi-Myanmar Font 64Bit for windows
OR

Windows 32bit မှာ မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်နည်း
============================
လက်ရှိကျနော်သုံးနေတာ Windows 7 32bit ပါ ဖုန်းတွေကလစ်ချင်တာနဲ့
အသုံးပြုနေတာဖြစ်ပါတယ် ကျနော်အကြိုက်ဆုံး Windows ကတော့ Windows 8.1 ပါ
ဒီ Windows 32bit ကွန်ပျူတာ 7, 8, 8.1, 10 အားလုံးအတွက် မြန်မာစာပုံသေထည့်သွင်းနည်း
ရှိပါတယ်၊ တစ်ခါတည်းမှတ်ထားစေချင်ပါတယ် မိမိကျတော့အဆင်ပြေတယ် တစ်ခြားကွန်ပျူတာ
ကျတော့အဆင်မပြေဘူး ဆိုတာမျိုးမဖြစ်ရလေအောင် Windows 32bit မှန်ရင်
ကွန်ပျူတာအားလုံးကို ဒီနည်းအတိုင်းပဲ ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။
အပေါ်မှာပေးထားတဲ့ IEZawGyiGtalkfont ဆိုတာကိုဒေါင်းလော့ပါ
ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ IEZawGyiGtalkfont.exe ဖိုင်ကို
Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့်စတင် install ပြုလုပ်ပါ၊
အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင် Next ကိုနှိပ်ပါ
Next ကိုဆက်နှိပ်ပေးလိုက်ပါ
Start installation ဆိုပြီးပြနေပါလိမ့်မယ် Next ကိုနှိပ်ပေးပြီး
install ပြုလုပ်ခြင်းကို စတင်လိုက်ပါ
အောက်ပါပုံအတိုင်း installing ပြုလုပ်နေတုန်းခနစောင့်ပါ
Alpha Zawgyi Cnicode System has been successfully installed
ဆိုပြီးပြနေပါလိမ်မယ့် ထည့်သွင်းခြင်းကိစ္စအောင်မြင်ပြီးစီးကြောင်းပြနေတာပါ
Finish ကိုနှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင်တော့ Close ကိုနှိပ်ပေးလိုက်ပါ
အောက်ပါပုံအတိုင်း မြင်နေရပါလိမ်မယ် ကွန်ပျူတာကို Restart ချပေးခိုင်းနေတာပါ
Ok ကိုနှိပ်ပေးလိုက်ပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ၊ Manul အနေဖြင့်
Restart ချပေးချင်တယ်ဆိုရင်တော့ Cancel ကိုနှိပ်ပေးနိုင်ပါတယ်၊ ဒီနေရာမှာ
System ပိုင်းကို ပြုလုပ်ချင်တာမို့ OK ကိုနှိပ်ပေးပြီး Restart သာချပေးလိုက်ပါ။
Restart ကျပြီးလို့ပြန်တက်လာတဲ့အခါ Control Panel>>Internet Option>
Zawgyi One ကို တစ်ဆင့်ချင်းသွားပြီး ပြောင်းပေးလိုက်ပုံပါပဲ။
Windows 64bit မှာ မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်သွင်းနည်း
==================================
ဒီတစ်ခါ ကွန်ပျူတာ Windows 64bit မှာမြန်မာစာထည့်သွင်းနည်းကို ရှင်းပြသွားပါမယ်
ဒီ Windows 64bit မှာတော့ ကီးဘုတ်ကော ဖောင့်ပါ နှစ်ခုလုံးကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်
သင်္ကေတသဘောတရားအနေဖြင့် ကျနော်တို့ Windows 32bit မှာ
မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်အတွက် IEZawGyiGtalkfont ဖိုင်
တစ်ခုတည်းကိုသာ Install ပြုလုပ်လိုက်ရုံဖြင့် အဆင်မပြေပါ။
ဒီတော့ Windows 64bit အတွက် ကီးဘုတ်အတွက်ရော့ ဖောင့်အတွက်ပါ
လိုအပ်ပါပြီ၊ ဒါကြောင့် IEZawGyiGtalkfont ကဖောင့်အဖြစ် Install ပြုလုပ်ပြီး
zawgyi-keyboard-layout(64) ကိုတော့ ကီးဘုတ်အဖြစ် install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Windows 32 bit ကွန်ပျူတာမှာဆိုရင် Control Panel>>Program and Feature >>
Alpha Zawgyi Unicode System ဆိုပြီး Unicode System တစ်ခုတည်းသာ
ရှိနေပါလိမ့်မယ် အောက်ပါပုံကိုကြည့်ပါ။
zip ဖြေထားတဲ့ Folder ထဲကိုဝင်ကြည့်လိုက်ပါ အောက်ပါပုံအတိုင်း
သက်ဆိုင်ရာ Setup ဖိုင်နဲ့ Sub Folder & File များ ရှိနေပါလိမ့်မယ်
အဆိုပါ ဖိုင်များပြည့်စုံနေမှာ install ပြုလုပ်ရတာအဆင်ပြေပါတယ်။
ကီးဘုတ်ကိုထည့်သွင်းရန်အတွက် zawgyi-keyboard-layout(64) Folder ထဲမှ Setup ဖိုင်ကို
Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့် စတင် Install ပြုလုပ်ပေးလိုက်ပါ။
စတင် Install ပြုလုပ်တာနဲ့ခနစောင့်နေလိုက်ပါ မြန်မာပါတယ် သိပ်မကြာပါ
အောက်ပါပုံအတိုင်း Installation Complete ဆိုပြီးပြနေခဲ့ရင်တော့
ကီးဘုတ်ကို ထည့်သွင်းကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ Close ကိုနှိပ်လိုက်ပါ။
အားလုံးပြီးသွားရင်တော့ အဲဒီထည့်သွင်းလိုက်တဲ့ ကီးဘုတ်ရဲ့သင်္ကေတက ကွန်ပျူတာမှာ
Zawgyi Myanmar Unicode L ဆိုပြီးရှိနေပါလိမ့်မယ် ကြည့်ရန်အတွက်
Control Panel>>Program and Feature>>Zawgyi Myanmar Unicode L ဆိုပြီး
အောက်ပါပုံအတိုင်း မြင်တွေ့နိုင်ပါတယ်၊ ဒါက Windows 64bit ကွန်ပျူတာအတွက် ကီးဘုတ်သင်္ကေတဖြစ်ပါတယ်။
မြန်မာစာအတွက် Control Panel>>Internet Option>

Font Options လေးကျလာတဲ့အခါ ကျနော်အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
Language script: ဆိုတဲ့နေရာမှာ Latin based ဆိုတာကိုထားပါ။
Webpage fonts: ရဲ့အောက်မှာ Zawgyi-One ကိုထားပါ။
Plain text font: ဆိုတဲ့နေရာမှာ Courier New ဆိုတာကို ထားပါ
အားလုံးပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ။
အထက်ဖေါ်ပြပါ Guide အတိုင်း တိကျခဲ့တယ်ဆိုရင်တော့
သင်ကွန်ပျူတာရဲ့ System တစ်ခုလုံးမှာ မြန်မာစာကိုမြင်နေရပါလိမ့်မယ်။
အဆိုပါ Zawgyi မြန်မာစာပြောင်းနည်းသည် ကွန်ပျူတာ 32/64bit အားမှာ
သက်ဆိုင်ရာ Zawgyi ဖောင့်နဲ့ကီးဘုတ်များကို install ပြုလုပ်ပြီးတဲ့အခါ
ဒီနည်းလမ်းအတိုင်း ပြောင်းလဲပေးရမှာဖြစ်ပါသည်။
Notification နေရာမှာ Language icon လေးကိုတစ်ချက်ထောက်ပြီးကြည့်လိုက်ပါ
အောက်ပါပုံအတိုင်း Eng-US & Eng US-Alpha Zawgyi Nlog Keyboard
ဆိုပြီးမြင်နေရပါလိမ့်မယ် ဒါကကျနော် windows မှာ Screenshot ရိုက်ပြထားတာပါ။
တစ်ခြားကွန်ပျူတာတိုင်းမှာလည်း ဒီနည်းအတိုင်းကြည့်ရှုနိုင်ပါတယ်။
Internet Brower များနဲ့မြန်မာစာ Setting ပြောင်းနည်း
===============================
Internet Brower များနဲ့မြန်မာစာအကြောင်းကိုရှင်းပြပေးသွားပါမယ် အခုလက်ရှိ
ကျနော်အသုံးပြုနေတဲ့ Browser များကတော့ Maxthon, Firefox ဖြစ်ပါတယ်။
အဲဒီသုံးခုလုံးမှာ အင်တာနက်ကြည့်တဲ့အခါ မြန်မာစာကိုအမှန်မြင်ရန်အတွက်
Setting အချို့ပြောင်းလဲနည်းကို တစ်ခုချင်းစီရှင်းပြပေးလိုက်ပါတယ်။
မှတ်ချက်-ဖေါ်ပြပါနည်းသည် Zawgyi အတွက်သာ ဖြစ်ပါသည်
Unicode Options အတွက်မဟုတ်ပါ။
Maxthon Browser နဲ့မြန်မာစာ
==================
Maxthon Browser ကိုဖွင့်လိုက်ပါ မြှားပြထားတဲ့နေရာနဲ့ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
နေရာကို တစ်ချက်နှိပ်လိုက်ပါ Setting ဆိုတာကိုဆက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း တက်လာရင် Advaced ကိုနှိပ်ပါ
Web page font : နေရာတွင် Zawgyi-One ကိုထားပါ
Default encoding: နေရာတွင် Unicode (UTF-8) ကိုထားပါ
Firefox နဲ့မြန်မာစာ
============
Firefox Browser ကိုဖွင့်လိုက်ပါ မြန်မာစာပြောင်းရန်အတွက်
Menu bar မှ Tools >>Options ကိုတစ်ချက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Options Box တွင် Content ကိုတစ်ချက်နှိပ်ပါ
Default font: နေရာတွင် Zawgyi-One ကိုထားပါ။
ဒီတစ်ခါ Advanced ကိုတစ်ချက်နှိပ်ပါ
Fonts Options ရဲ့အောက်မှာ
Serif: နေရာတွင်-Zawgyi-One ထားပါ
Sans-serif: နေရာတွင်-Zawgyi-One ထားပါ
Monospace: နေရာတွင်-Zawgyi-One ကိုထားပြီး
OK ကိုနှိပ်လိုက်ပါ။ အားလုံးပြီးသွားရင် Firefox မှာ
မြန်မာစာအမှန်မြင်နေရပါလိမ့်မယ်။
ကဲဗျာ အခုလောက်ဆိုရင်တော့ ကွန်ပျူတာ 7, 8, 8.1, 10 များမှာ
Myanmar Font & Keyboard အမှန်ပုံသေနည်းထည့်နည်း
ကွန်ပျူတာ System တစ်ခုလုံးတွင် မြန်မာအမှန်မြင်ရန်အတွက်
Setting အနည်းငယ်ပြောင်းလဲနည်းနဲ့
Internet Browsers များနဲ့မြန်မာအတွက် Setting အနည်းငယ်
ပြောင်းလဲနည်းများကို လေ့လာသူနားလည်လောက်ပြီလို့ထင်ပါတယ်။

အထက်ဖေါ်ပြပါ Alpha Zawgyi Unicode System ဆိုပြီး Unicode System တစ်ခုတည်းသည်
32bit ကွန်ပျူတာအတွက် ကီးဘုတ်နဲ့ဖောင့်အတွက်လုံးဝအဆင်ပြေမယ့် ဒီ 64bit ကွန်ပျူတာ
မှာတော့ သူ့ကို ဖောင့်အတွက်သာ အဆင်ပြေပြီး ကီးဘုတ်အတွက်
zawgyi-keyboard-layout(64) ကို Install ပြုလုပ်ပေးရမှာပါ။
ဒီတော့ Windows 64bit ကွန်ပျူတာအတွက် ဖောင့်ကိုအရင်
Install ပြုလုပ်ပေးရပါမယ် ဖောင့်ကို install ပြုလုပ်နည်းကတော့
Windows 32bit မှာ ဖောင့်နဲ့ကီးဘုတ်အတွက် IEZawGyiGtalkfont ဖိုင်
Install ပြုလုပ်နည်းနဲ့အတူတူပါ အပေါ်မှာပြန်လေ့လာကြည့်လိုက်ပါ။
zawgyi-keyboard-layout(64) ကိုဒေါင်းလော့ရယူပါ
ပြီးရင် ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ
zip ဖြေထားတဲ့ Folder ထဲကိုဝင်ကြည့်လိုက်ပါ အောက်ပါပုံအတိုင်း
သက်ဆိုင်ရာ Setup ဖိုင်နဲ့ Sub Folder & File များ ရှိနေပါလိမ့်မယ်
အဆိုပါ ဖိုင်များပြည့်စုံနေမှာ install ပြုလုပ်ရတာအဆင်ပြေပါတယ်။
ကီးဘုတ်ကိုထည့်သွင်းရန်အတွက် zawgyi-keyboard-layout(64) Folder ထဲမှ Setup ဖိုင်ကို
Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့် စတင် Install ပြုလုပ်ပေးလိုက်ပါ။
စတင် Install ပြုလုပ်တာနဲ့ခနစောင့်နေလိုက်ပါ မြန်မာပါတယ် သိပ်မကြာပါ
အောက်ပါပုံအတိုင်း Installation Complete ဆိုပြီးပြနေခဲ့ရင်တော့
ကီးဘုတ်ကို ထည့်သွင်းကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ Close ကိုနှိပ်လိုက်ပါ။
အားလုံးပြီးသွားရင်တော့ အဲဒီထည့်သွင်းလိုက်တဲ့ ကီးဘုတ်ရဲ့သင်္ကေတက ကွန်ပျူတာမှာ
Zawgyi Myanmar Unicode L ဆိုပြီးရှိနေပါလိမ့်မယ် ကြည့်ရန်အတွက်
Control Panel>>Program and Feature>>Zawgyi Myanmar Unicode L ဆိုပြီး
အောက်ပါပုံအတိုင်း မြင်တွေ့နိုင်ပါတယ်၊ ဒါက Windows 64bit ကွန်ပျူတာအတွက် ကီးဘုတ်သင်္ကေတဖြစ်ပါတယ်။
မြန်မာစာအတွက် Control Panel>>Internet Option>
Zawgyi One ကို တစ်ဆင့်ချင်းသွားပြီး ပြောင်းပေးလိုက်ပုံပါပဲ။
Language System မှာ သူ့ကို install ပြုလုပ်လိုက်ရုံဖြင့် Auto add ပြုလုပ်
ပြီးသားဖြစ်နေတာမို့ တကူးတကပြောင်းပေးစရာမလိုတော့ပါ။
Windows 32/64bit များမှာ Zawgyi-မြန်မာစာပြောင်းနည်း
=================================
ဒါလေးကိုမမဖတ်ခင် လေ့လာသူဟာ အထက်ဖေါ်ပြပါ Windows 32bit ကွန်ပျူတာအတွက်
ဖောင့်နဲ့ကီးဘုတ်အတွက် Zawgyi ထည့်သွင်းနည်းနဲ့ Windows 64bit ကွန်ပျူတာမှာ
ဖောင့်နဲ့ကီးဘုတ်အတွက် Zawgyi များထည့်သွင်းနည်းများကို လေ့လာပြီးပြီလို့ထင်ပါတယ်။
ကွန်ပျူတာမှာ မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်များအတွက် သက်ဆိုင်ရာ
Zawgyi များကို install ပြုလုပ်ပြီးတဲ့အခါ Computer System တစ်ခုလုံးမှာ
မြန်မာစာအမှန်မြင်ရန်အတွက် Setting အချို့ကိုပြောင်းလဲပေးရမှာပဲဖြစ်ပါတယ်။
ဒီအတွက်လွယ်ပါတယ် Control Panel >>Internet Options ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ပါပုံ Proerties လေးကျလာပါလိမ့်မယ် Zawgyi မြန်မာစာကို
ပြောင်းလဲပေးရန်အတွက် Fonts ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။
Language script: ဆိုတဲ့နေရာမှာ Latin based ဆိုတာကိုထားပါ။
Webpage fonts: ရဲ့အောက်မှာ Zawgyi-One ကိုထားပါ။
Plain text font: ဆိုတဲ့နေရာမှာ Courier New ဆိုတာကို ထားပါ
အားလုံးပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ။
အထက်ဖေါ်ပြပါ Guide အတိုင်း တိကျခဲ့တယ်ဆိုရင်တော့
သင်ကွန်ပျူတာရဲ့ System တစ်ခုလုံးမှာ မြန်မာစာကိုမြင်နေရပါလိမ့်မယ်။
အဆိုပါ Zawgyi မြန်မာစာပြောင်းနည်းသည် ကွန်ပျူတာ 32/64bit အားမှာ
သက်ဆိုင်ရာ Zawgyi ဖောင့်နဲ့ကီးဘုတ်များကို install ပြုလုပ်ပြီးတဲ့အခါ
ဒီနည်းလမ်းအတိုင်း ပြောင်းလဲပေးရမှာဖြစ်ပါသည်။
Notification နေရာမှာ Language icon လေးကိုတစ်ချက်ထောက်ပြီးကြည့်လိုက်ပါ
အောက်ပါပုံအတိုင်း Eng-US & Eng US-Alpha Zawgyi Nlog Keyboard
ဆိုပြီးမြင်နေရပါလိမ့်မယ် ဒါကကျနော် windows မှာ Screenshot ရိုက်ပြထားတာပါ။
တစ်ခြားကွန်ပျူတာတိုင်းမှာလည်း ဒီနည်းအတိုင်းကြည့်ရှုနိုင်ပါတယ်။
Internet Brower များနဲ့မြန်မာစာ Setting ပြောင်းနည်း
===============================
Internet Brower များနဲ့မြန်မာစာအကြောင်းကိုရှင်းပြပေးသွားပါမယ် အခုလက်ရှိ
ကျနော်အသုံးပြုနေတဲ့ Browser များကတော့ Maxthon, Firefox ဖြစ်ပါတယ်။
အဲဒီသုံးခုလုံးမှာ အင်တာနက်ကြည့်တဲ့အခါ မြန်မာစာကိုအမှန်မြင်ရန်အတွက်
Setting အချို့ပြောင်းလဲနည်းကို တစ်ခုချင်းစီရှင်းပြပေးလိုက်ပါတယ်။
မှတ်ချက်-ဖေါ်ပြပါနည်းသည် Zawgyi အတွက်သာ ဖြစ်ပါသည်
Unicode Options အတွက်မဟုတ်ပါ။
Maxthon Browser နဲ့မြန်မာစာ
==================
Maxthon Browser ကိုဖွင့်လိုက်ပါ မြှားပြထားတဲ့နေရာနဲ့ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
နေရာကို တစ်ချက်နှိပ်လိုက်ပါ Setting ဆိုတာကိုဆက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း တက်လာရင် Advaced ကိုနှိပ်ပါ
Web page font : နေရာတွင် Zawgyi-One ကိုထားပါ
Default encoding: နေရာတွင် Unicode (UTF-8) ကိုထားပါ
Firefox နဲ့မြန်မာစာ
============
Firefox Browser ကိုဖွင့်လိုက်ပါ မြန်မာစာပြောင်းရန်အတွက်
Menu bar မှ Tools >>Options ကိုတစ်ချက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Options Box တွင် Content ကိုတစ်ချက်နှိပ်ပါ
Fonts Options ရဲ့အောက်မှာ
Serif: နေရာတွင်-Zawgyi-One ထားပါ
Sans-serif: နေရာတွင်-Zawgyi-One ထားပါ
Monospace: နေရာတွင်-Zawgyi-One ကိုထားပြီး
OK ကိုနှိပ်လိုက်ပါ။ အားလုံးပြီးသွားရင် Firefox မှာ
မြန်မာစာအမှန်မြင်နေရပါလိမ့်မယ်။
ကဲဗျာ အခုလောက်ဆိုရင်တော့ ကွန်ပျူတာ 7, 8, 8.1, 10 များမှာ
Myanmar Font & Keyboard အမှန်ပုံသေနည်းထည့်နည်း
ကွန်ပျူတာ System တစ်ခုလုံးတွင် မြန်မာအမှန်မြင်ရန်အတွက်
Setting အနည်းငယ်ပြောင်းလဲနည်းနဲ့
Internet Browsers များနဲ့မြန်မာအတွက် Setting အနည်းငယ်
ပြောင်းလဲနည်းများကို လေ့လာသူနားလည်လောက်ပြီလို့ထင်ပါတယ်။
- Get link
- X
- Other Apps

MGC launches mobile app for Android and iOS devices - DRM
ReplyDeleteMGC has launched a mobile app for the 천안 출장안마 iOS and Android 영천 출장샵 and iOS devices. The official app will be available 제천 출장안마 to all users 부산광역 출장안마 of MGC. 의정부 출장샵